Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 34 - Saba
Translation by Alin U Yin — Permalink
Verse 27 — Surah Saba 34:27
(အို၊ ရစူလ်တမန်တော် သူတို့အား) “သင်တို့သည် (အရှင်မြတ်ကို စွန့်၍ အခြားသက်ရှိသက်မဲ့တို့အား ယုံကြည်ကိုးကွယ်ကြလျက်) ထိုအရှင်မြတ်နှင့်တွဲဖက်ပေါင်းစပ်ထားသော ကိုးကွယ်ရာများ (၌ ကိုးကွယ်ထိုက်သော အရည်အချင်းရှိကြောင်း) ကို ကျွန်ုပ်ထံယူဆောင်ပြသကြလော့။ (ထိုသို့ပြသရန်) အလျှင်း မဖြစ်နိုင်ပေ။ စင်စစ်မှာကား ထိုအရှင်မြတ်သည်သာ လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့ သို့ အားလုံးအပေါ်လည်း အရှင့်ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ (တရားစီရင်ဆုံးဖြတ်ရာတွင်) အမြော်အမြင်နှင့်ပြည့်စုံတော်မူသောအရှင် ဖြစ်တော်မူ၏။”ဟု ဟောပြောလော့။