Verse 3 — Surah Saba 34:3

စင်စစ်သော်ကား မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) တို့က ''ရှင်ပြန်ထရမည့် အချိန်ကာလသည် ကျွန်ုပ်တို့ထံ ဆိုက်ရောက်လာမည် မဟုတ်'' ဟု ပြောဆိုကြ၏။ (အို၊ ရစူလ်တမန်တော်သူတို့အား) “အမှန်မှာ သင်တို့ထံ ဧကန်မုချ ဆိုက်ရောက်စေတော်မူမည် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ကို တိုင်တည်၍ ပြောပါရစေ။ ရှင်ပြန်ထရ မည့်အချိန်ကာလသည် သင်တို့ထံ အမှန်ပင် ဆိုက်ရောက်လာမည် ဖြစ်၏။ ထိုအရှင်မြတ်သည် မျက်ကွယ်ရာအလုံးစုံကို သိနေတော်မူသောအရှင် ဖြစ်ပြီး မိုးကောင်းကင်များနှင့်မြေကမ္ဘာ၌ အမှုန်ခန့်မျှသော သေးသောအရာဖြစ်စေ၊ ထိုထက်မက သေးငယ်သောဖြစ်စေ၊ ထိုထက်ကြီးသောအရာဖြစ်စေ၊ ထင်ရှားရှင်းလင်းသော မှတ်တမ်းစာအုပ်တွင် (မှတ်တမ်းတင်ထားတော်မူခြင်း) မှအပ (မည်သည့်အရာမျှ) အရှင့်ဉာဏ်တော်အနန္တမှ ရှောင်တိမ်းဖုံးကွယ်နိုင်သည် မဟုတ်ပေ။