Verse 31 — Surah Saba 34:31

ထို့ပြင် ''မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်ဖုံးကွယ်သူ) တို့က ''ကျွန်ုပ်တို့ သည် ဤကုရ်အာန်ကျမ်းမြတ်ကိုလည်းကောင်း၊ ဤကုရ်အာန်ကျမ်းမြတ်နှင့် (ယခင်က ချမှတ်ပေးအပ် တော်မူပြီး သူတို့လက်ဝယ်၌ရှိနေသော) မည်သည့်ရှေးကျသောအရာကိုမျှ အလျှင်း ယုံကြည်မည်မဟုတ်'' ဟု ပြောဆိုကြ၏။ အကယ်၍ အသင် (တမန်တော်) သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံသူများက သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်၏ရှေ့တော်မှောက်တွင် မတ်တတ်ရပ်စေခြင်းခံကြရ၍ အ ချင်းချင်း တစ်ဦးကိုတစ်ဦး အချို့ကိုအချို့ နောက်ကြောင်းပြန်၍ အပြစ်ပုံကြလျက် (လောကီဘဝ၌ နှိမ့်ချခံရမှု ညှင်း ပန်းနှပ်စက်ခံရမှုနှင့်လှည့်စားခံရမှုတို့ကို မတော်လှန်ရဲဘဲ လမ်းမှားရောက်ကြပြီး) အဖိနှိပ်ခံဘဝဖြင့် နေခဲ့ကြသူတို့က မာန်မာနထောင်လွှား၍ နိုင်လိုမင်း ထက် ဖိနှိပ်ခဲ့ကြသူတို့အား ''အကယ်၍ သင်တို့သာ မရှိခဲ့ကြ လျှင် ကျွန်ုပ်တို့သည် အမှန်ပင် သက်ဝင်ယုံကြည်သူများ ဖြစ်ကြမည်။'' ဟု ပြောဆိုကြမည်ကို မြင်တွေ့ရလျှင် ကောင်းလေစွ။