Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 34 - Saba
Translation by Alin U Yin — Permalink
Verse 32 — Surah Saba 34:32
တစ်ဖန် မာန်မာနထောင်လွှား၍ နိုင်လိုမင်းထက် ဖိနှိပ်ခဲ့ကြသူတို့က (နှိမ့်ချခံရမှု ညှင်းပန်းနှပ်စက်ခံရမှု နှင့်လှည့်စားခံရမှုတို့ကို မတော်လှန်ရဲဘဲ လမ်းမှားရောက်ကြလျက်) အဖိနှိပ်ခံဘဝဖြင့် နေခဲ့ကြသူတို့အား ''သင်တို့ထံ အရှင့်လမ်းညွှန်တော် ရောက်ရှိလာခဲ့ပြီးနောက် ကျွန်ုပ်တို့သည် သင်တို့အား ယင်း (လမ်းညွှန်တော် နှင့်အညီဘဝဆောက်တည်ခြင်း) မှ (အတင်းအဓမ္မ) ပိတ်ပင်တားဆီးခဲ့ကြသလော၊ ထိုသို့ အလျှင်း မဟုတ်ပေ။ စင်စစ်မှာကား သင်တို့သည်ပင်လျှင် ရာဇဝတ်မှုကျူးလွန်သူများ ဖြစ်ခဲ့ကြ၏။'' ဟု ဖြေဆိုကြလိမ့်မည်။