Verse 33 — Surah Saba 34:33

(လောကီဘဝ၌ နှိမ့်ချခံရမှု ညှင်းပန်းနှပ်စက်ခံရမှုနှင့်လှည့်စားခံရမှုတို့ကို မတော်လှန်ရဲဘဲ လမ်းမှား ရောက်ကြပြီး) အဖိနှိပ်ခံဘဝဖြင့် နေခဲ့ကြသူတို့က မာန်မာနထောင်လွှား၍ နိုင်လိုမင်းထက် ဖိနှိပ်ခဲ့ကြသူတို့အား ''ထိုသို့ အလျှင်း မဟုတ်ပေ။ အမှန်စင်စစ်မူကား သင်တို့သည် ညမရွေး၊ နေ့မရွေး၊ ကျွန်တို့အား အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ မယုံကြည်မှုနှင့်ကျေးဇူးကန်းမှုကို ကျူးလွန်စေရန်လည်း ကျွန်ုပ်တို့က သင်တို့တို့ကို ထိုအရှင်မြတ်၏ပြိုင်ဘက်များအဖြစ် လက်ခံသူများ ဖြစ်စေရန်လည်းကောင်း၊ အမိန့်ပေးညွှန်ကြားလျက် (သင်တို့၏) ကြံစည်မှုများကို အကောင်အထည်ဖော်ခြင်းသာဖြစ်၏။” ဟု ချေပပြော ဆိုကြလိမ့်မည်။ သို့ရာတွင် သူတို့အားလုံးသည် ပြစ်ဒဏ်ကို တွေ့မြင်ရင်ဆိုင်ကြသောအခါ သူတို့၏နောင်တရမှုများကို ထုတ်ဖော်ဖွင့်ဟနိုင်စွမ်းရှိကြမည် မဟုတ်ပေ။ ထို့ပြင်ငါအရှင်မြတ်သည် ''မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်ဖုံးကွယ်သူ) သူတို့၏လည်ကုပ်များ၌ ထူးကွင်း၊ လည်ထိတ်များကို စွပ်ပေးတော်မူပေမည်။ စင်စစ်သော်ကား ငါအရှင်မြတ်သည် သူတို့၏ပြုမူကျင့်ကြံမှုများနှင့်အညီ အပြစ်ပေးခြင်းမှအပ (အခြားမည်သည့် အတွက် ဒဏ်ခတ်အရေးယူတော်မူ၍) ပေးဆပ်စေတော်မူမည်နည်း။