Verse 36 — Surah Saba 34:36

(အို၊ ရစူလ်တမန်တော်၊ သူတို့အား) “ဧကန်ပင်၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား စားနပ် ရိက္ခာနှင့်အခြားလိုအပ်ချက်များကို တိုးချဲ့ဖြည့်ဆည်းတော်မူပြီး အလိုရှိတော်မူသောသူအား အကန့်အသတ်အတိုင်းအတာဖြင့်သာပေးသနားတော်မူသော်လည်း လူသားအများစုမှာ သိနားလည်ကြသည် မဟုတ်ပေ။