Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 34 - Saba
Translation by Alin U Yin — Permalink
Verse 37 — Surah Saba 34:37
စင်စစ်သော်ကား သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံလျက် သီလဆောက်တည်ကြသူတို့မှအပ သင်တို့၏ဥစ္စာဓနပိုင်ဆိုင်မှုများသည်လည်းကောင်း၊ သင်တို့၏သားသမီးများနှင့်လူ့စွမ်းအားများသည်လည်းကောင်း၊ ငါအရှင်မြတ်၏အမြင်တော်၌ သင်တို့အား မည်သည့် အဆင့်အတန်းနှင့်မျှ နီးကပ်စေမည့်အရာများ မဟုတ်ကြပေ။ သို့ဖြစ်ပေရာ ထိုသူတို့သည် ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံ၍ သီလဆောက်တည်ခြင်းနှ့င့်အညီ သူတို့အတွက် ဆတက်ထမ်းပိုး တိုးမြှင့်သော အကျိုးဆုလဒ်ရှိပြီး လုံခြုံစိတ်ချရသော အထက်သုခဘုံနန်း၌ ဘေးကင်းလုံခြုံစွာ ရှိကြပေမည်။