Verse 39 — Surah Saba 34:39

(အို၊ ရစူလ်တမန်တော်၊ သူတို့အား) “ဧကန်ပင်၊ ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသောသူအား စားနပ်ရိက္ခာနှင့်အခြားလိုအပ်ချက်များကို တိုးချဲ့ဖြည့်ဆည်းတော်မူပြီး အလိုရှိတော်မူသောသူအား အကန့်အသတ် အတိုင်းအတာဖြင့်သာ ပေးသနားတော်မူ၏။ ထို့ပြင် သင်တို့သည် မည်သည့် တစ်စုံတစ်ရာကို စွန့်လှူပေးကမ်းသည်ဖြစ်စေ၊ ထိုအရှင်မြတ်သည် ယင်း၏အစား ဆုလဒ်ကို ပေးတော်မူပေမည်။ အမှန်စင်စစ် ထိုအရှင်မြတ်သည် အကောင်းမြတ်ဆုံး ရိက္ခာအထောက်အပံ့များ ပေးအပ်တော်မူသောအရှင် ဖြစ်တော်မူ၏။