Verse 41 — Surah Saba 34:41

ထိုအခါ သူတို့က “(အို အရှင်မြတ်၊ အရှင်မြတ်သည် (ချို့တဲ့မှုလုံးဝကင်းပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ်တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်သောအရှင်ဖြစ်တော်မူခြင်းကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏။ ကျွန်ုပ်တို့သည် (အရှင်မြတ်မှလွဲ၍ကိုးကွယ်ဆည်းကပ်ကြသော) အခြားကိုးကွယ်ရာများနှင့်မည်သို့မျှ ပတ်သက်ခြင်းမရှိဘဲ အသင်အရှင်မြတ်သည်သာလျှင် ကျွန်ုပ်တို့၏ကာကွယ် စောင့်ရှောက်သူဖြစ်သူဖြစ်တော်မူ၏။ အမှန်စင်စစ်မူကား သူတို့အနက် အများစုသည် ဂျင်န်များကိုသာ (ကိုးကွယ်ထိုက်သော အရာများအဖြစ် ထင်မြင်ယူဆ၍) ဆည်းကပ်ကိုးကွယ်လျက် ရှိခဲ့ကြ၏။