Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 34 - Saba
Translation by Alin U Yin — Permalink
Verse 42 — Surah Saba 34:42
သို့ဖြစ်ပေရာ ထို (တမလွန်တရားစီရင်မည့်) နေ့တွင် သင်တို့အနက် အချို့သည် အချို့ကို တစ်ဦးသည် အခြားတစ်ဦးကို မည်သည့်ထိခိုက်နစ်နာမှုကိုဖြစ်စေ၊ မည်သည့်အကျိုးအမြတ်ကိုဖြစ်စေ၊ ဖြစ်ပေါ်စေနိုင်သော အခွင့်အာဏာနှင့်စွမ်းဆောင်ရည်ရှိကြမည် မဟုတ်ပေ။ ထို့ပြင် ငါအရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်များကို ချိုးဖောက်ကျူးလွန်၍ မတော်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့အား ''သင်တို့သည် မဟုတ်မမှန်စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြသော ဤငရဲမီး၏ပြစ်ဒဏ်ကို မြည်းစမ်းကြလော့။'' ဟု မိန့်ကြားတော်မူလိမ့်မည်။