Verse 43 — Surah Saba 34:43

စင်စစ်သော်ကား သူတို့ရှေ့ဝယ် ငါအရှင်မြတ်၏မြင်သာထင်ရှားသော ရှင်းလင်းချက်များပါဝင်သော အာယသ်သက်သေလက္ခဏာတော်များကို ရွတ်ဖတ်ပြခြင်းခံရသောအခါ သူတို့က ''ဤပုဂ္ဂိုလ်သည် သင်တို့အား သင်တို့၏အဘ၊ ဘိုး၊ ဘေး၊ ဘီ၊ ဘင်တို့ ဆည်းကပ်ကိုးကွယ်လျက် ရှိခဲ့ကြသည့်အရာများ (ကို ယုံကြည်ကိုး ကွယ်ခြင်း) မှ ပိတ်ပင်တားဆီး ဆန္ဒရှိသူမှအပ အခြားမဟုတ်ပေ။'' ဟု ပြောဆိုခဲ့ကြသည့်အပြင် ''ဤ (ကျမ်းတော် မြတ်ကုရ်အာန်) သည် ကြံစည်ဖန်တီး (၍ အရှင်မြတ်ထံတော်မှဖြစ်ကြောင်း လိမ်လည်) ထားသော လုပ်ကြံဇတ် ခင်းမှုသာလျှင် ဖြစ်၏။'' ဟူ၍လည်း ပြောဆိုခဲ့ကြ၏။ ထို့ပြင် ''မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်ဖုံးကွယ်သူ) တို့က သူတို့ထံ အမှန်တရားသစ္စာ (ကုရ်အာန်) ရောက်ရှိသောအခါ ယင်းနှင့်စပ်လျဉ်း၍ ''ဤသည် ထင်ရှားစွာသော မှော်ပယောဂအတတ်ပညာတစ် ရပ်သာလျှင် ဖြစ်သည်။''ဟု ဆိုကြ၏။