Verse 44 — Surah Saba 34:44

စင်စစ်မှာမူကား ငါအရှင်မြတ်သည် သူတို့အား ကျမ်းတော်များအနက်မှ (ယင်းကို လေ့လာပြီး အမှန်တရားသစ္စာနှင့်မိစ္ဆာဒိဌိ ကို ခွဲခြားသိမြင်စေသည့်) မည်သည့် ကျမ်းကိုမျှ ပေးအပ်တော်မူခဲ့သည် မဟုတ်သည့်အပြင် အသင် (တမန်တော်) မတိုင်မီ သူတို့ထံသို့ (လမ်းမှားရောက်ခြင်း၏အကျိုး ဆက်နှင့်စပ်လျဉ်း၍ သွန်သင်သည့်) မည်သည့် သတိပေးနှိုးဆော်သူတစ်ဦးတစ်ယောက်ကိုမျှ စေလွှတ်တော်မူခဲ့ သည်လည်း မဟုတ်ပေ။