Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 34 - Saba
Translation by Alin U Yin — Permalink
Verse 46 — Surah Saba 34:46
(အို၊ ရစူလ်တမန်တော်၊ သူတို့အား) ''ကျွန်ုပ်သည် သင်တို့အား သင်တို့ တစ်ဦးချင်း နှစ်ဦးချင်းစီက (တစ်ဦးတစ်ယောက်ဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ၊) “သင်တို့သည် အလ္လာဟ်အရှင်မြတ် (၏ကျေနပ်နှစ်မြို့မှုရ ရှိရန်) အတွက်သာ ရည်သန်လျက် ရပ်တည်ကြပြီးနောက် (အစွဲအလမ်းနှင့်ဘက်လိုက်မှုအလုံစုံကို ဘေးချိတ်၍ အရှင့်အမိန့်တော်များအပေါ်) စဉ်းစားတွေခေါ်သုံးသပ်ကြရန်” တစ်ခုတည်းသောအရာကိုသာ အ လေးအနက် တိုက်တွန်း နှိုးဆော်၍ ဩဝါဒပေးခြင်း ဖြစ်၏။ သင်တို့၏အဖော်ဖြစ်သူ (ရစူလ်တမန်တော်) သည် သင်တို့ထံ ပြင်းထန် စူးရှသော ပြစ်ဒဏ် မကျရောက်မီ (ကြိုတင်) သတိပေးနှိုးဆော်သူတစ်ဦးသာ လျှင်ဖြစ်ပြီး မည်သည့် စိတ်မနှံ့သော အပြုအမူမျှ မရှိချေ။” ဟု ဟောပြောလော့။