Verse 47 — Surah Saba 34:47

(အို၊ ရစူလ်တမန်တော်၊ သူတို့အား၊ “သင်တို့က မည်သို့ပင် ထင်မြင်ယူဆကြသည်ဖြစ်စေ၊) ကျွန်ုပ်သည် သင်တို့အတွက်သာဖြစ်သော ထို (အရှင့်အမိန့်ဗျာဒိတ်တော်များအား သင်တို့ထံ ပို့ချပေးအပ်ခြင်း) အ တွက် သင်တို့ထံမှ (မည်သည့်) အကျိုးအမြတ်၊ (အခကြေးငွေ) ကိုမျှ တောင်းဆိုသည်မဟုတ်။ ကျွန်ုပ်၏အကျိုး ဆုလဒ်မှာ အလ္လဟ်အရှင်မြတ်အပေါ်၌သာ မူတည်ပါ၏။ အမှန်သော်ကား ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် (စည်းမျဉ်းဩဇာတော်ဖြင့် လွှမ်းမိုးတော်မူ၍ မျက်မြင်ဒိဋ္ဌ) သက်သေသက်ကန် ဖြစ်တော်မူ၏။” ဟု ဟော့လော့။