Verse 50 — Surah Saba 34:50

(အို၊ ရစူလ်တမန်တော်၊ သူတို့အား) အကယ်၍ ကျွန်ုပ်သည် လမ်းလွဲမိလျှင် ကျွန်ုပ်သည် ကျွန်ုပ်၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်း အစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်ကို အရှင့်စည်းမျဉ်းတော်) နှင့်ဆန့်ကျင်၍ (အသုံးချမိခြင်းကြောင့်) လမ်းလွဲ ခဲ့ခြင်းဖြစ်မည်။ ထို့ပြင် အကယ်၍ ကျွန်ုပ်သည် တရားလမ်းညွှန်မှန်၌ ရှိလျှင် ကျွန်ုပ်အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်က ကျွန်ုပ်ထံသို့ ဝဟီ အမိန့် တော်ထုတ်ပြန် ချမှတ်ပေးအပ်တော်မူသောကြောင့်ပင် ဖြစ်၏။ ဧကန်မလွဲ၊ ထိုအရှင်မြတ်သည် (သက်ရှိအားလုံး၏အသံမျိုးစုံကို) အကြွင်းမဲ့ ကြားနေတော်မူသောအရှင်၊ (အရာခပ်သိမ်း၌ အရှင့်နိယာမတော်များ ပါဝင်စေတော်မူလျက် အားလုံးနှင့်) အနီးကပ်ရှိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။