Verse 7 — Surah Saba 34:7

သို့ရာတွင် မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) တို့က “ကျွန်ုပ်တို့သည် သင်တို့အား ''သင်တို့ ကွယ်လွန်သေဆုံးပြီးနောက် အစိတ်စိတ်အမြွှာမြွှာ ဖြစ်နေသောအမှုန်များအဖြစ် ခန္ဓာ ကိုယ်တစ်ခုလုံးသည်ပင် လုံးဝ တစ်စစီ ကျိုးတိုးကျဲတဲ ဖြန့်ကြဲခြင်းခံရသောအခါ ဧကန်မလွဲ၊ သင်တို့သည် ထိုအခြေအနေမှပင် တစ်ဖန် ဖွဲ့စည်းဖြစ်တည်မှုအသစ် ဖြစ်စေမည်။'' ဟူသော သတင်းစကား ပြောပြမည့် ပုဂ္ဂိုလ်တစ်ဦးကို ညွှန်ပြရမည်လော။” ဟု မေးမြန်းပြောဆိုကြ၏