Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 34 - Saba
Translation by Alin U Yin — Permalink
Verse 9 — Surah Saba 34:9
ထိုသူတို့သည် မိုးကောင်းကင်နှင့်မြေကမ္ဘာအား သူတို့၏ရှေ့မှလည်းကောင်း သူတို့၏နောက်မှလည်းကောင်း၊ (သူတို့ လုံးဝ ရှောင်လွှဲ မရအောင်အရှင်မြတ်၏အချုပ်အခြာအာဏာဖြင့် ဝိုင်းရံထားစေတော်မူလျက် တိုးချဲ့စေတော်မူ) သည်ကို မည်သည့်အခါ မတွေ့မြင် မဆင်ခြင် မသုံးသပ် ကြလေသလော။ အကယ်၍ ငါအရှင် မြတ်သည် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူလျှင် သူတို့အား မြေမျိုစေတော်မူနိုင်၏။ သို့တည်းမဟုတ် ငါအရှင်မြတ်သည် သူတို့အပေါ်၌ မိုးကောင်းကင်မှ အစိုင်အခဲများကို ကျရောက်စေတော်မူနိုင်၏။ ဧကန်စင်စစ်၊ ထို (သို့မဖြစ်ပျက်အောင်ထိန်းသိမ်းတော်မူခြင်း) ၌ (စိတ်ရင်းစေတနာဖြူစင်စွာ အမှန်တရားကို စူးစမ်းရှာဖွေလို၍ အရှင့်ကျမ်းတော်ဖြစ်သော) အမှားအမှန်ကို ခွဲခြားသိမြင်စေသည့်စံဘက်ဦးလှည့်သူ အရှင့်အစေခံလူသားတိုင်းအတွက် (ထင်ရှားသော) အာယသ် သက်သေလက္ခဏာတော်များ ရှိနေ၏။