Verse 1 — Surah Fatir 35:1

ချီးမွမ်းမှုနှင့်ကျေးဇူးတင်မှုအပေါင်းတို့သည် မိုးကောင်းကင်များနှင့်ကမ္ဘာဂြိုလ်၏မူလဇာစ်မြစ်ကို (လိုအပ်သမျှ စည်းမျဉ်းနိယာမတော်များနှင့်ပုံသဏ္ဌန်များ ပါဝင်စေလျက်) စတင်ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်၊ အတောင်ပံ နှစ်ခုစီ၊ သုံးခုစီ၊ လေးခုစီရှိသော မလာအီကာ ကောင်းကင်စေတမန်တို့အား (အရှင့်အမိန့်တော်များအား ဆောင်ကြဉ်းပေးသော) သတင်းဆောင်စေတမန်များအဖြစ် ဖြစ်ပေါ် ခန့်အပ်တော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်တော်မူ၏။ ထိုအရှင်မြတ်သည် ဖွဲ့စည်းဖြစ်တည်စေမှု၌ အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ အလိုရှိတော်မူသည့်အရာကို ပိုမို၍ တိုးပွားများပြားစေတော်မူ၏။ ဧကန်မုချ၊ အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ် စည်းမျဉ်းဩဇာဖြင့် လွှမ်းမိုးတော်မူ၍ စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။