Verse 10 — Surah Fatir 35:10

မည်သူမဆို ဩဇာဂုဏ်အသရေနှင့်ဘုန်းတန်ခိုးကို အလိုရှိလျှင် (ဂုဏ်၊ သိက္ခာ၊ ဩဇာအာဏာ) ဘုန်း တန်ခိုးအလုံးစုံသည် အလ္လာဟ်အရှင်မြတ် (၏အချုပ်အခြာ၌ရှိ၍ အရှင်မြတ်) သာ ပိုင်ဆိုင်တော်မူ (သော ကြောင့် ထိုအရှင်ထံတော်မှသာ ရှာမှီးသင့်) ၏။ စင်ကြယ်သန့်စင်သော တရားစကားများဖြောင့် မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများနှင့်ကောင်းမြတ်သောအကျင့်သီလများသာ ထိုအရှင်မြတ်ထံသို့ မြှင့်ပင့်စေတော်မူသောကြောင့် ထိုအရှင်မြတ်ထံတော်သို့ပင် တက်သွားကြပေ၏။ သို့ရာတွင် မကောင်းသော အကြံအစည်များကို ကြံစည်ဖန်တီး၍ မကောင်မှုအကုသိုလ်များကို ပြုမူဆောက်ရွက်သော သူတို့မူကား သူတို့အတွက် ပြင်းထန်သော ပြစ်ဒဏ် ရှိပေမည်။ ထို့ပြင် ထိုသူတို့၏အကြံအစည်တို့မှာလည်း လုံးဝ ပျက်သုဉ်းကင်းမဲ့မှုအဆင့်သို့ ရောက်စေရန် သတ်မှတ်ပြဌာန်းတော်မူ၏။