Verse 11 — Surah Fatir 35:11

အို၊ လူသားအပေါင်းတို့၊ ငါအရှင်မြတ်သည် (သင်တို့၏တည်ရှိမှုအစအန လုံးဝ ကင်းမဲ့ချိန်တွင်) သင်တို့ (၏မူလဘူတဖြစ်တည်မှု) ကို မြေကြီးမှ ဖွဲ့စည်းဖြစ်တည်စေတော်မူပြီးနောက် တစ်ဖန် သုက်ရည် တစ်စက်မှ လည်းကောင်း၊ ထို့နောက် (အမျိုးသားများနှင့်အမျိုးသမီးများဖြစ်သော) ဘဝဖော်စုံတွဲများကိုလည်းကောင်း၊ ဖြစ်စေတော်မူ၏။ မှတ်တမ်းတော်၌ ရေးမှတ်တော်မူခြင်းမှအပ မည်သည့်သက် တမ်းရှည်သူ၏သက်တမ်းကိုမျှ ပိုမို၍ သက်တမ်းရှည်စေမူခြင်းသော်လည်းကောင်း၊ သူ့သက်တမ်းကို လျော့နည်းစေတော်မူ၍ တိုစေခြင်းကိုသော်လည်းကောင်း၊ ဖြစ်စေတော်မမူချေ။ ဧကန်ပင်၊ ထိုသို့ဖြစ်စေတော်မူခြင်း သည်ကား အလ္လာဟ်အရှင်မြတ်အတွက် လွန်စွာ လွယ်ကူလှချေ၏။