Verse 12 — Surah Fatir 35:12

ထို့ပြင် “ဤသည် ရေသန့် ရေချိုနှင့်သောက်သုံးရာတွင် နှစ်လိုဖွယ်ကောင်းသောရေ ဖြစ်သည်။” ဟု ပြော နိုင်သည့်ပင်လယ်နှင့် “ဤသည်ရေငန်ဖြစ်၍ ငန်ခါးနေ၏။” ဟု ပြောရသော ပင်လယ်နှစ်ခုတို့သည် မတူ ညီကြချေ။ သို့ရာတွင် သင်တို့သည် ပင်လယ်တိုင်းမှ လတ်ဆတ်သော အသား (ငါးများ) ကို (အစာ အာဟာရအဖြစ်) စားသုံးကြသည့်အပြင် (အဖိုးတန် ကျောက်မျက်ရတနာများ ပုလဲများ စသည့်) သင်တို့ လက် ဝတ်လက်စား အဆင်တန်ဆာများအဖြစ် ဝတ်ဆင်ကြသောအရာများကိုလည်း ထုတ်ယူကြ၏။ ထို့ပြင် အရှင့်ကျေးဇူးတော်များမှ (သယံဇာတ ဓါတ်ငွေ့ ရေနံ ကျောက်မျက်ရတနာ ပုလဲနှင့်ငါးမျိုးစုံတို့ကို) ရှာဖွေနိုင်ပြီး သင်တို့ကျေးဇူး သိတတ်ကြရန်အလို့ငှာ ရေကို တိုးဖြတ်ခွဲဖြဲ၍ သွားလာလှုပ်ရှားလျက်ရှိသော ရေယာဉ်သင်္ဘောများ (အား ရေပေါ် ခုတ်မောင်းနိုင်အောင် ရေနှင့်လေတို့၏သဘောသဘာဝ၌ အရှင့်နိယာမတော်များရှိစေတော်မူကြောင်း) ကို တွေ့ မြင်ဆင်ခြင် သုံးသပ်နိုင်ကြ၏။