Verse 14 — Surah Fatir 35:14

အကယ်၍ သင်တို့သည် (အလ္လာဟ်အရှင်မြတ်မှအပ သင်တို့ယုံကြည်ကိုးကွယ်ကြသော) သူထို့တို့အား ဟစ်ခေါ် တသ၍ ဆုတောင်းကြလျှင် သင်တို့၏ဆုတောင်းပန်ကြားမှုကို သူတို့ ကြားနိုင်စွမ်း မရှိပေ။ သို့ရာတွင် အကယ်၍ ကြားနိုင်စွမ်းရှိသူများ ဖြစ်သော်ငြားလည်း သင်တို့အတွက် တုံ့ပြန်ဖြေကြားကြမည်မဟုတ်ပေ။ ထို့ပြင် (လောကီဘဝ၌ အရှင်မြတ်ကိုစွန့်၍ သူတို့အား ယုံကြည်ကိုးကွယ်ခဲ့ကြသော) ထို့သူတို့သည် ရှင်ပြန်ထမည့် နေ့တွင်မူ သင်တို့၏တွဲဖက်ကိုးကွယ်မှုကိုပင် ဖုံးကွယ်ငြင်းပယ်ကြပေမည်။ စင်စစ်သော်ကား အရာခပ်သိမ်းတို့၏သတင်းအချက်အသေးစိတ်ကို အကြွင်းမဲ့ သိနေတော်မူသော အရှင် မြတ်ကဲ့သို့ မည်သူတစ်ဦးတစ်ယောက်မျှပင် အသင် (တမန်တော်) အား သတင်းစုံကို ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားအောင် သတင်းပေးရှင်းလင်းနိုင်မည် မဟုတ်ပေ။