Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 35 - Fatir
Translation by Alin U Yin — Permalink
Verse 15 — Surah Fatir 35:15
အို၊ လူသားအပေါင်းတို့၊ သင်တို့သည် (သင်တို့၏အခြေခံလိုအပ်ချက်များကိုပင် သင်တို့ကိုယ်တိုင် ဖွဲ့စည်းဖြစ်တည်စေနိုင်စွမ်းမရှိသောကြောင့်) အလ္လာဟ်အရှင်မြတ်အားသာလျှင် မှိခိုအားထားနေရသော လို လား တောင့်တကြရသူများပင် ဖြစ်ကြ၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်မှာမူကား လိုလားတောင့်တခြင်း ကင်းမဲ့တော်မူ၍ ကုံလုံပြည့်စုံတော်မူသောအရှင်၊ (သင်တို့၏လိုအပ်ချက်အလုံးစုံကို ထောက်ပံ့ဖြည့်ဆည်းပေးတော်မူ ၍) အလွန်တရာ ချီးမွမ်းခြင်းခံထိုက်တော်မူသောအရှင် ဖြစ်တော်မူ၏။