Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 35 - Fatir
Translation by Alin U Yin — Permalink
Verse 18 — Surah Fatir 35:18
အမှန်စင်စစ်၊ မည်သည့် (တာဝန်ထမ်းဆောင်) သယ်ပိုးသူ တစ်ဦးတစ်ယောက်မျှပင် သူတစ်ပါး၏ (တာဝန်) ဝန်ထုပ်ကို သယ်ပိုးလိမ့်မည် မဟုတ်ပေ။ ထို့ပြင် အကယ်၍ လေးလံသောဝန်ထုပ်ကြီးကို ထမ်း ဆောင် သယ်ပို့သူသည် ယင်းဝန်ထုပ်ကို သယ်ပိုးထမ်းဆောင်ခြင်းငှာ (အကူအညီအတွက်) ဟစ်ခေါ်တောင်း ဆိုလျှင် နီးစပ်သောဆွေမျိုးရင်းချာပင် ဖြစ်လင့်ကစား ယင်းမှ အနည်းငယ် စိုးစဉ်းမျှပင် သယ်ပိုး ထမ်းဆောင်မည် မဟုတ်ပေ။ သူတို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသော အရှင်မြတ်ကို (သူတို့၏ထိုးထွင်းဉာဏ်ဖြင့် မသိမြင်နိုင်သော) မျက်ကွယ်ရာ၌ ရှိနေတော်မူခြင်းနှင့်အတူ (ဖြူစင်စွာ) ယုံကြည်၍ (ဆိတ်ကွယ်ရာ၌) စိုးရွံ့ထိတ်လန့်လျက် (မဖြစ်မနေဆောက်တည်ရန် ပြဌာန်းထားတော်မူသော) ဆွာလာသ်ဝတ်ပြုမှုကို ယင်း၏စည်းမျဉ်းများနှင့်အညီ မြဲမြံစွာ ဆောက်တည်ကြသူတို့အားသာလျှင် အသင် (တမန်တော်) သတိပေးနှိုးဆော်နိုင်ရာ၏။ အမှန်သော်ကား မည်သူမဆို (သူ၏အတွေ့အခေါ်များနှင့် ပြုမူကျင့်ကြံမှုများကို အရှင့်အမိန့် တော်နှင့်အညီ) စင်ကြယ်သန့်ရှင်းစေလျင် ထိုသူသည် သူ့နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို အရှင့်စည်းမျဉ်းတော်နှင့်အညီအသုံးချရန်အတွက် စင်ကြယ်သန့်ရှင်း စေခြင်းသည်သာ ဖြစ်၏။ ထို့ပြင် ဘဝခရီး၏နောက် ဆုံးပန်းတိုင် အိမ်ပြန်ရာဌာနမှာ အလ္လာဟ်အရှင်မြတ်ထံတော်သို့သာလျှင် ဖြစ်၏။