Verse 24 — Surah Fatir 35:24

ဧကန်ပင်၊ ငါအရှင်မြတ်သည် အသင် (တမန်တော) အား အမှန်တရားသစ္စနှင့်တကွ (သက်ဝင်ယုံကြည် ၍ ဖြောင့်မတ်မှန်ကန်သော ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်ကြသူတို့ ပေါက်မြောက်အောင် မြင်ကြောင်း) ဝမ်းမြောက်ဖွယ်ရာသတင်းကောင်းပါးသူအဖြစ်လည်းကောင်း၊ (လမ်းမှားရောက်နေသူတို့၏အကျိုး ဆက်များနှင့်စပ်လျဉ်း၍) သတိပေးနှိုးဆော်သူအဖြစ်လည်းကောင်း၊ စေလွှတ်တော်မူခဲ့၏။ စင် စစ်သော်ကား အတိတ်၌ လွန်လေပြီးသော မည်သည့်လူ့ဘောင်အသိုင်းအဝိုင်း၌ပင်ဖြစ်စေ ယင်း၌ သတိပေးနှိုးဆော်သူတစ်ဦး ရှိစေတော်မူခဲ့ခြင်းမှအပ (လမ်းမှားရောက်စေရန် ပစ်ထားတော်မူသော လူ့ဘောင်အသိုင်းအဝိုင်း) မရှိခဲ့ပေ။