Verse 25 — Surah Fatir 35:25

(အို၊ ရစူလ်တမန်တော်) အကယ်၍ သူတို့သည် အသင့်အား မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ကြလျှင် (ယင်းသို့ ငြင်းပယ်ခြင်းကား အထူးအဆန်း မဟုတ်ပေ။) ဧကန်ပင်၊ အသင့်အလျင် ကွက်ကွက် ကွင်းကွင်း မြင်သာထင်ရှားသော ရှင်လင်းချက်များနှင့်အထောက်အထားများ ပါဝင် (၍ အမြော်အမြင်နှင့်အကြံဉာဏ်များဖြင့် ပြည့်စုံ) ကျမ်းငယ်များနှင့်အတူလည်းကောင်း (စိတ်နှလုံးနှင့်ဘဝတည်ဆောက်နိုင်မည့် လမ်းစဉ်တို့အတွက်) ဉာဏ်အလင်းပေးသော ကျမ်းတော်နှင့်အတူလည်းကောင်း (အရှင်မြတ်စေလွှတ်တော်မူခဲ့သည့်) ရစူလ်တမန်တော်များကိုလည်း အလားတူ) မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြပြီး ဖြစ်၏။