Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 35 - Fatir
Translation by Alin U Yin — Permalink
Verse 27 — Surah Fatir 35:27
ဧကန်ပင်၊ ငါအရှင်မြတ်သည် မိုးကောင်းကင်မှ ရေကို ရွာသွန်းချပေးစေတော်မူသောကြောင့် ထိုရေဖြင့် အရောင်အဆင်းအနံ့အရသာ အမျိုးမျိုး ကွဲပြားခြားနားသော သီနှံနှင့်သစ်သီးဝလံများကို ထွက်ပေါ် (ဖူး၊ ပွင့်၊ သီးစေ၍) ဖြစ်ထွန်းစေတော်မူကြောင်းကို အသင် (တမန်တော်) မတွေ့မြင် မဆင်ခြင် မသုံးသပ်သလော။ ထို့ပြင် တောတောင်များ၌လည်း (ယင်းတို့တည်ရှိရာဒေသများ၏သဘာဝပေါက်ပင် များနှင့်နယ် မြေသဘာဝပေါ်မူတည်၍) အစင်းအကြောင်းအမျိုးမျိုး ကွဲပြားသော အဖြူအနီများဖြင့် ယင်းတို့၌ အရောင်ကိုယ်စီရှိစေတော်မူရုံသာမက အချို့ကိုလည်း အလွန့်အလွန် မည်းနက်စေတော်မူ၏။