Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 35 - Fatir
Translation by Alin U Yin — Permalink
Verse 28 — Surah Fatir 35:28
ထိုနည်းတူစွာ လူသားတို့တွင်လည်းကောင်း၊ သက်ရှိသတ္တဝါတို့တွင်လည်းကောင်း၊ (ကုလားအုတ်၊ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ အစရှိသည့်) တိရစ္ဆာန်တို့တွင်လည်းကောင်း၊ ထိုနည်းအတိုင်းပင် အရောင်၊ အဆင်း၊ အ မျိုးမျိုး ကွဲပြားခြားနားစွာဖြင့် ဖြစ်စေမူ၏။ အရှင့်အစေခံလူသားတို့အနက်မှ (ဖြောင့်မတ်မှန်ကန်သော အသိပညာပေါ် ရပ်တည်နေကြသော) ပညာရှင်များသာလျှင် အလ္လာဟ်အရှင်မြတ်အား ရိုကျိုးကြောက် ရွံ့ကြ၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အား ဂုဏ်ဩဇာများချီးမြှင့်တော်မူသကဲ့သို့ အားလုံးအပေါ်လည်း အရှင့် ဘုန်းတန်ခိုးဖြင့် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ အားလုံးအပေါ်မပြတ်မစဲ သနားညှာတာတော်မူသော အကြင်နာရှင်၊ (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်း ချမ်းသာခွင့် ပေးတော်မူသောအရှင် ဖြစ်တော်မူ၏။