Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 35 - Fatir
Translation by Alin U Yin — Permalink
Verse 29 — Surah Fatir 35:29
ဧကန်ပင်၊ (ငါအရှင်မြတ်၏အစေခံများအနက်မှ) အလ္လာဟ်အရှင်မြတ်၏ကျမ်းတော်ကို ရွတ်ဖတ်သရဇ္ဈာယ်ကြပြီး (အရှင်မြတ်တစ်ဆူတည်းဖြစ်တော်မူကြောင်းကို ယုံကြည်၍ ဂုဏ်တင်လျက် တာဝန်အဖြစ် ပေးအပ်တော်မူသော ဆွလာသ်ဝတ်ပြုမှုကို ယင်း၏စည်းမျဉ်းများနှင့်အညီ မြဲမြံစွာ ဆောက်တည်ကြသည့်အပြင် (အရှင်မြတ်ချီးမြှင့်ပေးအပ်တော်မူသော ဥစ္စာဓန၊ ဩဇာအာဏာနှင့်ဉာဏ်ပညာများမှလည်း အရှင့်ကျေနပ်နှစ်မြို့မှုအတွက် ဆင်းရဲချို့တဲ့သူတို့အား) တိတ်တဆိတ်ဖြစ်စေ လူသိရှင်ကြား ပွင့်ပွင့်လင်းလင်းဖြစ်စေ၊ ပေးကမ်းစွန့်လှူကြသူတို့သည် အလျှင်း ဆုံးရှုံးပျက်စီးမည် မဟုတ်သော ရောင်းဝယ်ဖောက် ကားမှုမျိုးကို မျှော်ကိုးလျက် ရှိကြ၏။