Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 35 - Fatir
Translation by Alin U Yin — Permalink
Verse 3 — Surah Fatir 35:3
အို၊ လူသားအပေါင်းတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်က သင်တို့အပေါ်၌ ဂုဏ်ပေးချီးမြှင့်ပေးအပ်တော်မူခဲ့သော ကျေးဇူးတော်များကို သတိရ တသ၍ ထုတ်ဖော်ဖွင့်ကြလော့။ သင်တို့အား မိုးကောင်း ကင်နှင့်မြေကမ္ဘာမှ ရိက္ခာအထောက်အပံ့များ ဖြစ်ပေါ်ထောက်ပံ့စေသည့် ဖွဲ့စည်းဖြစ်တည်စေတော်မူသောအရှင်ဟူ၍ အလ္လာဟ်အရှင်မြတ်အပြင် (အခြားတစ်ဦး) ရှိသေးသလော။ (သက်ရှိသက်မဲ့ အရာခပ် သိမ်းတို့အနက်) ထိုအရှင်မြတ်မှအပ အခြားကိုးကွယ်ရာ အရှင်ဟူ၍ အလျှင်း မရှိပေ။ သို့ပါလျက် သင်တို့သည် (အမှန်တရားသစ္စာကို ကျောခိုင်း၍ မိစ္ဆာဒိဌိကို အယူထားရန်) အဘယ်သို့ လှည့်ပြန် ကြလေသနည်း။