Verse 30 — Surah Fatir 35:30

(ထိုသို့ မျှော်ကိုးခြင်းသည်) သူတို့၏အကျိုးဆုလဒ်များ အပြည့်အဝ ချီးမြှင့်ပေးအပ်တော်မူရန်လည်းကောင်း၊ အရှင်မြတ်၏ရက်ရောတော်မူသော ကျေးဇူးတော်များ (ဖြစ်သည့် ရိက္ခာအထောက်အပံ့၊ ဂုဏ်သိ က္ခာ၊ ဉာဏ်ပညာ၊ ဩဇာအာဏာနှင့်လမ်းညွှန်တော် အစရှိသည်တို့အနက်) ဆတက်ထမ်းပိုး ပိုမို၍ တိုးမြှင့် ချီးမြှင့်ပေး အပ်တော်မူရန်လည်းကောင်း၊ ဖြစ်၏။ စင်စစ်ဧကန်၊ ထိုအရှင်မြတ်သည် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက် မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်၊ အလွန် ရက်ရောစွာ ကျေးဇူးတုံ့ပြန်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။