Verse 31 — Surah Fatir 35:31

စင်စစ်သော်ကား အသင် (တမန်တော်) ထံ ငါအရှင်မြတ်ဝဟီအမိန့်တော် ထုတ်ပြန်တော်ချမှတ်ပေးအပ်တော်မူသော ကျမ်းတော်မြတ်ကုရ်အာန်မှ အချက်အလက်များသည် အမှန်တရားသစ္စာပင် ဖြစ်၍ ယင်းသည် ယခင်ကချမှတ်ပေးအပ်တော်မူတော်ပြီး သင်တို့လက်ဝယ်၌ ရှိသောကျမ်းများအား (မှန်၊ မမှန်ဟူသည်ကို အတည်ပြု) ဖြောင့်မတ်မှန်ကန်စေသောကျမ်း ဖြစ်၏။ မုချဧကန်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်အစေခံ လူသားတို့နှင့်ပတ်သက်သော သတင်းအချက်အလက်အသေးစိတ်ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ အကြွင်းမဲ့ မြင်နေတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။