Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 35 - Fatir
Translation by Alin U Yin — Permalink
Verse 32 — Surah Fatir 35:32
ထို့နောက် (တမန်တော်တိုင်း၏နောက်တွင်) ငါအရှင်မြတ်သည် အရှင့်အစေခံလူသားများအနက်မှ ငါအရှင်မြတ် ရွေးချယ်တော်မူသောသူတို့အား (အရှင့်ကျမ်းတော်ကို သွန်သင်ရန်နှင့်ထိန်းသိမ်းစောင့် ရှောက်ရန်) အမွေဆက်ခံစေတော်မူ၏။ သို့ရာတွင် သူတို့အနက်မှအချို့သည် (အမွေရသည့် တာဝန်ကို ကျေပွန်စွာ မဆောင် ရွက်ဘဲ) အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန်ပြုမူကျင့်ကြံလျက် သူ၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည် အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို သူ့အလိုရမ္မက်အတွက် အသုံးချ သူများလည်း ရှိ၏။ ထို့ပြင် သူတို့အနက်မှအချို့သည် မဇ္ဈိမဋိပဒါလမ်းစဉ်အတိုင်း လိုက်နာကြ၍ သူတို့အနက်မှအချို့မူကား အလ္လာဟ်အရှင်မြတ်၏ခွင့်ပြုချက်အမိန့်တော်ဖြင့် ကောင်းမှုကုသိုလ်များပြုကျင့်ခြင်းနှင့်စပ်လျဉ်း၍ သူ့ထက်ငါသာအောင် ပြုမူကျင့်ကြံမည်ဟူသော စိတ်ထားဖြင့် ရှေ့ဆုံးမှလက်တွေ့ လုပ်ပြလျက်) အထင်ကရ ဖြစ်လာသူများလည်း ရှိကြ၏။ ထိုသို့ပြုကျင့်သူတို့အတွက် ယင်း (အမွေဆက်ခံခြင်း) သည် အလွန်ကြီးမားသော ကျေးဇူးတော်ဖြင့် ဂုဏ်သိက္ခာပေးအပ်ခြင်းပင် ဖြစ်ပေ၏။