Verse 33 — Surah Fatir 35:33

(သို့ဖြစ်ပေရာ သူတို့အတွက်) ထာဝစဉ်နေထိုင်ရအံ့သော သုခဥယျာဉ်များရှိပြီး ယင်း (သုခဥယျာဉ်များ) ထဲ၌ ရွှေလက်ပတ်များနှင့်ပုလဲလုံးများဖြင့် ဆင်မြန်းစေ၍ (ဂုဏ်ပေးကြိုဆိုခြင်းခံရလျက်) ယင်းထဲသို့ ဝင်ရောက် ကြပေမည်။ ထို့ပြင် ယင်း (သုခဥယျာဉ်များ) ၌ သူတို့၏ဝတ်စားတန်ဆာမှာလည်း ပိုးအဝတ်အထည်များပင် ဖြစ်ပေမည်။