Verse 34 — Surah Fatir 35:34

ထိုစဉ် သူတို့က ''ချီးမွမ်းခြင်းနှင့်ကျေးဇူးတင်ခြင်းဟူသမျှသည် ကျွန်ုပ်တို့ထံမှ (ထိုသုခဥယျာဉ်များထဲသို့ ဝင်ရောက်ခွင့်မရမချင်း ရှိခဲ့သော) ပူပင်သောကများကို ဖယ်ရှားပပျောက်စေတော်မူသော အလ္လာဟ်အရှင်မြတ်နှင့်သာ ထိုက်တန်တော်မူ၏။ ဧကန်ပင်၊ ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်သည် အမှန်ပင် (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးတော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက် မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူ သောအရှင်၊ အလွန် ရက်ရောစွာ ကျေးဇူးတုံ့ပြန်တော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။