Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 35 - Fatir
Translation by Alin U Yin — Permalink
Verse 37 — Surah Fatir 35:37
ထို့ပြင် သူတို့သည် ယင်း (ငရဲဘုံ) ထဲ၌ ''အို ကျွန်ုပ်တို့အား ဖွဲ့စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ်၊ ကျွန်ုပ်တို့သည် ယခင် (လောကီဘဝ၌ လုပ်လေ့လုပ်ထရှိခဲ့သည့်) အမူအ ကျင့် ဟောင်းမဟုတ်သော ဖြောင့်မတ်မှန်ကန်သည့် ပြုမူကျင့်ကြံမှုများဖြင့် သီလဆောက်တည်နိုင်ရန် ကျွန်ုပ်တို့အား (ဤငရဲဘုံမှ) ထုတ်တော်မူပါ၊'' ဟု ဟစ်အော် (လျှောက်ထား) ကြပေမည်။ (ထိုအခါ အရှင်မြတ်က) ငါအရှင် မြတ်သည် သတိမူတွေးခေါ် ဆင်ခြင်လိုသောသူ မည်သူမဆို ယင်း (သက်တမ်း) ၌ (တွေး ခေါ်ဆင်ခြင်၍ အရှင် မြတ်ကို သတိရ တသလျက်) ထုတ်ဖော်ဖွင့်ဟနိုင်လောက်သော သက်တမ်းကို သင်တို့အား တိုးမြှင့်ပေးအပ် တော်မူခဲ့သည် မဟုတ်လော။ ထို့ပြင် သင်တို့ထံ သတိပေးနှိုးဆော်သူလည်း ရောက်ရှိခဲ့သည် (မဟုတ်လော)။ သို့ဖြစ်ပေရာ သင်တို့သည် (ပြစ်ဒဏ်၏အရသာကို) မြည်စမ်းကြလော့။ အရှင့် စည်းမျဉ်းတော်များကို ကျူးလွန် ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့အတွက် (ယင်းပြစ်ဒဏ်ကို ပေါ့ပါးစေနိုင်မည့်) မည်သည့် ရိုင်းပင်းကူညီသူမျှ ရှိမည် မဟုတ်ပေ။