Verse 39 — Surah Fatir 35:39

ထိုအရှင်မြတ်သည် သင်တို့အား ကမ္ဘာဂြိုဟ်ကို ဆက်ခံသည့် ကိုယ်စားလှယ်တော်များအဖြစ် ခန့်အပ်တော်မူပြီးဖြစ်ရာ မည်သူမဆို (အရှင့်အမိန့်တော်များကို ဖီဆန်ငြင်းပယ်လျက် အရှင့်ကျေးဇူးတော်များနှင့်စပ်လျဉ်း၍ ကျေးဇူးကန်းခြင်းဖြင့်) မယုံကြည်လျှင် သူ့မယုံကြည်မှုနှင့်ကျေးဇူးကန်းမှု (၏ အကျိုးဆက်အဖြစ် အရေးယူခံရခြင်း) သည် သူ့အပေါ်၌သာ သက်ရောက်စေမည်။ စင်စစ်သော်ကား သူတို့အား ဖွဲ့ စည်းဖြစ်တည်စေတော်မူ၍ ပြုစုပျိုးထောင်စေတော်မူသောအရှင်မြတ််၏အမြင်တော်၌ မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်) သူတို့၏မယုံကြည်မှု၌ မုန်းတီးစေသော စက်ဆုပ်ရွံ့ရှာဖွယ်ရာမှအပ (အခြားမည် သည့်အရာကိုမျှ) တိုးတက်တိုးပွားစေသည် မဟုတ်ပေ။ ထိုနည်းတူစွာ မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်) သူတို့၏မယုံကြည်မှု၌ လက်လွတ်ဆုံးရှုံးစေမှုမှအပ (အခြားမည်သည့်အရာကိုမျှ) တိုးတက်တိုးပွားစေသည် မဟုတ်ပေ။