Verse 4 — Surah Fatir 35:4

(အို၊ ရစူလ်တမန်တော်) အကယ်၍ သူတို့သည် အသင့်အား မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ကြလျှင် (ယင်းသို့ ငြင်းပယ်ခြင်းကား အထူးအဆန်း မဟုတ်ပေ။) ဧကန်ပင်၊ အသင့်အလျင် (အရှင်မြတ်စေ လွှတ်မူခဲ့သည့်) ရစူလ်တမန်တော်များကိုလည်း အလားတူ) မဟုတ်မမှန် လိမ်လည် စွပ်စွဲ၍ ငြင်းပယ်ခဲ့ကြပြီးဖြစ်၏။ စင်စစ်သော်ကား စီမံချက်အကြောင်းကိစ္စအရေးအရာအားလုံးသည် အလ္လာဟ်အရှင်မြတ်ထံသို့သာ (အရှင့်စည်းမျဉ်းတော်နှင့်အညီ ဖြစ်ပေါ်စေရန်) ဦးလှည့်ခြင်းခံရမည်ဖြစ်၏။