Verse 40 — Surah Fatir 35:40

(အို၊ ရစူလ်တမန်တော်၊ သူတို့အား) “သင်တို့သည် အလ္လာဟ်အရှင်မြတ်မှလွဲ၍ (သက်ရှိသက်မဲ့များ အနက်မှ သင်တို့က ကိုးကွယ်ရာအရှင်အဖြစ် ယုံကြည်လျက်) ဟစ်ခေါ် တသ၍ ဆုတောင်းကြသော သင်တို့၏တွဲဖက်ကိုးကွယ်ရာတို့အား မတွေ့မြင် မစူးစမ်း မသုံးသပ်ကြလေသလော။ ထို (အရှင်မြတ်နှင့်တွဲဖက် တုပြိုင် ၍ အယူထားကိုးကွယ်ကြသော) ကိုးကွယ်ရာတို့သည် မြေကမ္ဘာ၌ရှိသောအရာများအနက်မှ မည်သည်ကို ဖွဲ့စည်းဖြစ်တည်စေခဲ့ကြောင်းကိုလည်းကောင်း သို့တည်းမဟုတ် မိုးကောင်းကင်များဖွဲ့စည်းဖြစ်တည်လာခြင်း၌ သူတို့၏ဖက်စပ်အစုရှယ်ယာဝေစု တစ်စုံတစ်ရာ ရှိကြောင်းကိုလည်းကောင်း၊ သို့ တည်းမဟုတ် ငါအရှင်မြတ်သည် ကွက်ကွက်ကွင်းကွင်း မြင်သာထင်ရှားသော ရှင်းလင်းချက်များနှင့်သက်သေအထောက်အထားများပေါ်တွင် အခြေခံထားသော ကျမ်းတော်တစ်စောင်ကို သူတို့အား ချီးမြှင့်ပေး အပ်တော်မူခဲ့ကြောင်းကိုလည်းကောင်း၊ ကျွန်ုပ်အား ပြသကြလော့။ အမှန်စင်စစ်မူကား အရှင့်စည်းမျဉ်းတော်များကို ကျူးလွန်ချိုးဖောက်၍ မဟုတ်မတရား မမှန်မကန် ပြုမူကျင့်ကြံသူတို့အချင်းချင်း တစ်ဦးကိုတစ်ဦး အချို့ကိုအချို ထင်ယောင်ထင်မှား ဖြစ်အောင်လိမ်လည်လှည့်ဖြားခြင်းမှအပ အခြား မည်သည်ကို မျှ ကတိပေးကြသည် မဟုတ်ပေ။