Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 35 - Fatir
Translation by Alin U Yin — Permalink
Verse 41 — Surah Fatir 35:41
ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့်မြေကမ္ဘာကို (ယင်းတို့၏လည်ပတ်လှုပ်ရှား များ) တိမ်းချော်ရပ်စဲမသွားစေရန် ထိန်းထားတော်မူ၏။ သို့ရာတွင် အကယ်၍သာ ယင်းတို့ကို တိမ်းချော် ရပ်စဲတော်မူခဲ့သော် အရှင်မြတ်က ထိုသို့ဖြစ်စေတော်မူပြီးနောက်တွင် မည်သူတစ်ဦးတစ်ယောက်မျှကပင် ယင်းတို့ကို (နဂိုအတိုင်းဖြစ်လာရန်) ပြုပြင်ထိန်းသိမ်းနိုင်မည် မဟုတ်ပေ။ ဧကန်အမှန်၊ ထိုအရှင်မြတ်သည် (အရှင့်အစေခံလူသားတို့၏မှားယွင်းမှုများအတွက် အမြန်အဆန် အရေးယူတော်မမူဘဲ) ထိန်းချုပ် ညှာတာတော်မူ၍ ခန္တီတရားနှင့်ပြည့်စုံတော်မူသောအရှင်၊ (လူ့စွမ်းရည်မတိမ်ကောရလေအောင် စည်းမျဉ်းတော်များကို ချမှတ်ပေးအပ်တော်မူပြီး ယင်းတို့ကို မတော်တဆ ကျူးလွန်ချိုးဖောက်မိသူတို့အား) အလွန်ပင် လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။