Verse 42 — Surah Fatir 35:42

စင်စစ်သော်ကား သူတို့က ''အမှန်ပင် အကယ်၍ သတိပေးနှိုးဆော်သူ တစ်ဦးတစ်ယောက်သည် သူတို့ထံ ရောက်လာခဲ့လျှင် မုချဧကန်၊ သူတို့သည် (သတိပေးနှိုးဆော်သူရောက်လာခဲ့သည့်) အခြား လူ့ဘောင် အသိုင်းအဝိုင်းအားလုံးထက်ပင် ပိုမို၍ပင် တရားလမ်းမှန်ကိုညွှန်ပြခြင်းခံရ (လျက် ယင်းလမ်းညွှန်ကို တသွေမတိမ်းလိုက်နာ) သူများ ဖြစ်ကြပေမည်။'' ဟု အလ္လာဟ်အရှင်မြတ်အား တိုင်တည်၍ အစွမ်းကုန် သစ္စာဆို ကျိန်ဆိုခဲ့ကြ၏။ သို့သော် သတိပေးနှိုးဆော်သူတစ်ဦးသည် သူတို့ထံသို့ ရောက်ရှိသွားသောအခါ ထို (သို့သတိပေး နှိုးဆော်သူ ရောက်ခြင်း) သည် သူတို့၌ မနှစ်မြို့မှုမှအပ (အခြား မည်သည်ကိုမျှ) တိုးတက်တိုးပွားစေခဲ့ခြင်း မရှိပေ။