Verse 43 — Surah Fatir 35:43

သူတို့သည် မြေကမ္ဘာ၌ မာန်မာနတက်နေကြလျက် မကောင်းမှုအကုသိုလ်ဆိုင်ရာ အကြံအစည်များကိုသာ ကြံစည်စီမံခဲ့ကြသော်လည်း ထိုမကောင်းမှုအကုသိုလ်ဆိုင်ရာ အကြံအစည်များသည် ယင်းအကြံ အစည်များကို စီမံဖန်တီးသော အသိုင်းအဝိုင်းမှအပ အခြားမည်သူ့ကိုမျှ လွှမ်းမိုးထိခိုက်စေမည် မဟုတ်ပေ။ သို့ဖြစ်ပေရာ သူတို့သည် ရှေးခေတ်က (သူတို့၏လုပ်ရပ်များကြောင့် အကျိုးဆက်အဖြစ် တိမ်ကောဖျက်ဆီးစေတော်မူခဲ့သည့်) လူဟောင်းတို့၏ကျင့်ရိုးကျင့်စဉ်နှင့်ပုံစံမှအပ (ထိုထက်သာသော အခြားတစ်စုံတစ်ရာအတွက်) စောင့်မျှော်နိုင် ကြမည်လော။ စင်စစ်မှာကား အသင် (တမန်တော်) သည် အလ္လာဟ်အရှင်မြတ်၏နည်းနာနိယာမများပါဝင်သော လမ်းစဉ်တော်၌ မည်သည့် အပြောင်းအလဲကိုမျှ အလျှင်း တွေ့ရှိမည် မဟုတ်ပေ။ ထို့ပြင် အသင်သည် အလ္လာဟ်အရှင်မြတ်၏နည်းနာနိယာမများ ပါဝင်သော လမ်းစဉ်တော်၌ မည်သည့် ပြင်ဆင်ချက်ကိုမျှ အလျှင်းတွေ့ရှိမည် မဟုတ်ပေ။