Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 35 - Fatir
Translation by Alin U Yin — Permalink
Verse 44 — Surah Fatir 35:44
သူတို့သည် သူတို့မတိုင်မီက လွန်လေခဲ့ပြီးဖြစ်သောသူတို့သည် အင်အားနှင့်ဩဇာအာဏာအားဖြင့် သူတို့ထက် ပိုမို၍ သာလွန်ခဲ့သော်ငြားလည်း (အရှင့်သက်သေလက္ခဏာတော်များကို မယုံကြည်ဖီဆန်ငြင်း ပယ်သောကြောင့်) သူတို့၏နောက်ဆုံးအကျိုးရလဒ် (ဇတ်သိမ်းခန်း) မည်သို့ရှိခဲ့သည်ကို တွေ့မြင်လေ့လာ ဆင်ခြင်သုံးသပ်နိုင်ရန် မြေကမ္ဘာဝယ် လှည့်လည်၍ ခရီးသွားခြင်း မပြုကြသလော။ စင်စစ်မူကား မိုး ကောင်းကင်များ၌ဖြစ်စေ၊ မြေကမ္ဘာ၌ဖြစ်စေ၊ မည်သည့်အရာမျှပင်၊ အလ္လာဟ်အရှင်မြတ် (၏နိယာမတော်နှင့်အညီ ဖြစ်ပျက်နေသည်တို့ကို အထမမြောက်စေရန် ယင်းတို့) အား နှောင့်ယှက်ဟန့်တားနိုင်စွမ်း မရှိပေ။ ဧကန်စင်စစ်၊ ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိနေတော်မူသောအရှင်၊ အရာခပ်သိမ်းတို့အပေါ် စည်းမျဉ်း ဩဇာ လွှမ်းမိုးတော်မူ၍ စွမ်းဆောင်နိုင်တော်မူသောအရှင်မြတ်ပင် ဖြစ်တော်မူ၏။