Verse 45 — Surah Fatir 35:45

အကယ်၍ အလ္လာဟ်အရှင်မြတ်သည် သူတို့အား (မကောင်းမှုအကုသိုလ်များ ကျူးလွန်ခြင်းဖြင့်) သူတို့ရှာမှီးဆည်းပူးခဲ့ကြသည်နှင်အညီ ဖမ်းဆီးအရေးယူတော်မူသည်ရှိသော် ယင်း (မြေကမ္ဘာ၏) ကျော ကုန်းထက်ဝယ် လှုပ်ရှားသွားလာနေသော မည်သည့်သတ္တဝါကိုမျှ ချန်ထားတော်မူမည် မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်သည် သူတို့အား (အရေးယူတော်မူရန်) သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလတိုင်အောင် ဆိုင်းငံ့ထားတော်မူ၏။ ထို့နောက် သူတို့၏အချိန်ကာလ ဆိုက်ရောက်လာသောအခါတွင်လည်း ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်အစေခံလူသားတို့နှင့်စပ်လျဉ်း၍ အကြွင်းမဲ့ မြင်နေတော်မူသောအရှင်မြတ် ဖြစ်တော်မူ (သောကြောင့် အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ ခွင့်လွှတ်ကောင်း ခွင့်လွှတ်နိုင်) ၏။