Verse 5 — Surah Fatir 35:5

အို၊ လူသားအပေါင်းတို့၊ ဧကန်စင်စစ်၊ (တမလွန်ဘဝနှင့်စပ်လျဉ်းသော) အလ္လာဟ်အရှင်မြတ်၏ကတိတော်သည် ပရမတ္တသစ္စာ ဖြစ်တော်မူ၏။ သို့ဖြစ်ပေရာ လောကီဘဝသက်တမ်းက သင်တို့အား မလှည့် စားမိစေနှင့်။ ထိုနည်းတူစွာ၊ မည်သည့်လှည့်စားသူ (အထူးသဖြင့် စေတန်မကောင်းဆိုးဝါး) ကိုမျှ အလ္လာဟ်အရှင်မြတ် နှင့်ပတ်သက်၍ သင်တို့ (၏အတွေးအမြင်နှင့်သဘောထားတို့) အား လှည့်ဖြားစေရန် ခွင့်မပြုလေနှင့်။