Verse 7 — Surah Fatir 35:7

မယုံကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) သူတို့သည်ကား သူတို့အတွက် ပြင်း ထန်သောပြစ်ဒဏ် ရှိ၏။ သက်ဝင်ယုံကြည်၍ ဖြောင့်မတ်မှန်ကန်စွာ ပြုမူကျင့်ကြံလျက် သီလဆောက် တည်ကြသူတို့အတွက်မူကား (မမြင်မတွေ့ဖူးသော ကျေးဇူးတော်များရရှိရန်) လွတ်ငြိမ်းချမ်းသာခွင့်နှင့်ကြီးမားမြင့်မြတ် ၍ ရက်ရောသော အကျိုးဆုလဒ်များ ရှိပေ၏။