Verse 8 — Surah Fatir 35:8

သူ့မကောင်းမှုအကုသိုလ်များကို (သူ့အားကျေနပ်နှစ်သက်စေ​ရန်) သူ့အမြင်တွင် လှပတင့်တယ်အောင် ပြုလုပ်ခြင်းခံရသောကြောင့် ယင်း (မကောင်းသောအမူအကျင့်များ) ကို ကောင်းမှုဟု ထင်မှတ် (သောသူသည် အမှားအမှန်ကို ခွဲခြားသိမြင်စေသော တရားလမ်းမှန်နှင့်အညီ ဘဝဆောက်တည်သူနှင့်ထပ်တူထပ်မျှ တူနိုင်) မည်လော။ စင်စစ်မှာကား ဧကန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် အရှင့်စည်းမျဉ်းတော်နှင့်အ ညီ အလိုရှိတော်မူသောသူအား လမ်းလွဲစေတော် အလိုရှိတော်မူသောသူအား တရားလမ်းမှန်ကို ညွှန်ပြတော်မူ၏။ သို့ဖြစ်ပေရာ (အို၊ ရစူလ်တမန်တော်) သူတို့နှင့်ပတ်သက်၍ (သူတို့ မယုံကြည်သောကြောင့် ပူပန်သောက ရောက်လျက်) သင့်နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့ မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) ကို မပင်ပန်း မလွင့်ပြယ်စေနှင့်။ ဧကန်ပင်၊ အလ္လာဟ်အရှင် မြတ်သည် သူတို့ပြုမူဖန်တီးသမျှတို့ကို ကောင်းစွာ သိနေတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူ၏။