Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 36 - Ya-Sin
Translation by Alin U Yin — Permalink
Verse 19 — Surah Ya-Sin 36:19
(အရှင့်သတင်းဆောင် ရစူလ်တမန်တော်များဖြစ်ကြသော) သူတို့က ''သင်တို့၏နိမိတ်ဆိုးသည် (သင်တို့၏ လုပ်ရပ်ကြောင့်သာဖြစ်၍) သင်တို့နှင့်အတူ ရှိနေသောအရာပင် ဖြစ်၏။ (အရှင့်အမိန့်ပညတ်ချက်များဖြင့် ဆုံးမသွန်သင်၍) သတိပေးနှိုးဆော်ခြင်းကို နိမိတ်ဆိုးဟု ထင်မှတ်လေသလော။ ထိုသို့ အလျှင်းမဟုတ်ပေ။ အမှန်စင် စစ်မှာကား သင်တို့သည်သာလျှင် စည်းဘောင်ချိုး ဖောက်၍ အရှင်မြတ်က ပေးအပ်တော်မူသည့် စွမ်းရည်များကို အလွဲသုံးစားပြုသော လူမျိုးများ ဖြစ်လာကြ၏။'' ဟု ဖြေဆိုပြောကြားခဲ့ကြ၏။