Back to LanguagesPrevious ChapterNext Chapter EnglishArabicUrduHindiTamilBengali
Burmese - Chapter 36 - Ya-Sin
Translation by Alin U Yin — Permalink
Verse 36 — Surah Ya-Sin 36:36
ထိုအရှင်မြတ်သည် မြေကမ္ဘာမှ ပေါက်ရောက်ဖြစ်ထွန်းစေတော်မူသော အရာဟူသမျှတွင်လည်းကောင်း၊ သူတို့၏နဖ်စ် (ခေါ် မျိုးရိုးဗီဇထဲ၌ ထည့်ပေးတော်မူထားသော ဉာဉ်စဉ်စရိုက်၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်အစွမ်းအစနှင့်စိတ်ဆန္ဒများကို အရှင့်စည်းမျဉ်းတော်အတိုင်းဖြစ်စေ၊ သို့မဟုတ် စိတ်အလိုဆန္ဒအတိုင်းဖြစ်စေ၊ ရှာဖွေသုံးစွဲနိုင်ရန် အသုံးချနိုင်သော စိတ်ဝိဉာဉ်) များတွင်လည်းကောင်း၊ သူတို့ မသိသေးသောအရာ ဟူသမျှမှလည်းကောင်း၊ (ဖို၊ မ၊ အပေါင်း၊အနုတ် စသော စုံတွဲများ) ဒွယံဒွယံ ဖွဲ့စည်းဖြစ်တည်စေတော်မူခြင်း (ချို့တဲ့မှု လုံးဝ ကင်းရှင်းတော်မူပြီး အနှိုင်းမဲ့ အရှင်ဖြစ်တော်မူခြင်း၊ မည်သည့်အရာကိုမျှ အကြောင်းမဲ့ ဖွဲ့စည်းဖြစ် တည်စေတော်မမူခြင်းနှင့်ကိုးကွယ်ထိုက်သော ပကတိဂုဏ်တော်အားလုံးကို ပိုင်ဆိုင်တော်မူသော အရှင်ဖြစ်တော် မူခြင်းတို့ကြောင့်) သန့်ရှင်းစင်ကြယ်တော်မူကြောင်းကို ဂုဏ်တင်ပါ၏။