Back to Languages

Burmese - Chapter 36 - Ya-Sin

Translation by Alin U Yin — Permalink

Verse 47 — Surah Ya-Sin 36:47

ထို့ပြင် သူတို့အား “သင်တို့သည် အလ္လာဟ်အရှင်မြတ်က သင်တို့ကို ချီးမြှင့်ပေးအပ်တော်မူထားသော (ဥစ္စာဓနပိုင်ဆိုင်မှု၊ စွမ်းရည်၊ ဉာဏ်ပညာ၊ အတတ်ပညာနှင့်သယံဇာတများ စသည့်) ရိက္ခာအထောက်အ ပံ့များမှ (တရားတော်နှင့်အညီ ဆင်းရဲချို့တဲ့သူတို့အား) စွန့်လှူပေးကမ်းသုံးစွဲကြလော့။” ဟု ပြောဆိုသောအခါ ''မယုံ ကြည်သူ (အရှင့်စည်းမျဉ်းတော်များကို သွေဖည်ငြင်းဆန်သူ) တို့က သက်ဝင်ယုံကြည် သူတို့အား ''အကယ်၍ အလ္လာဟ်အရှင်မြတ်က (အရှင့်ဆန္ဒတော်၏စည်းမျဉ်းတော်နှင့်အညီ) အလိုရှိတော်မူလျှင် ထိုအရှင်ကိုယ်တော် တိုင် ကျွေးမွေးနိုင်ပါလျက် ကျွန်ုပ်တို့က ကျွေးမွေးကြရမည်လော၊ (မျှဝေစွန့်လှူ ပေးကမ်းသုံးစွဲရန် တိုက်တွန်းခြင်း ဖြင့်) သင်တို့သည် ထင်ရှားရှင်းလင်းသောလမ်းမှားမှု၌ ရှိနေခြင်းသာ ဖြစ်၏'' ဟု တုံ့ပြန်ပြောဆိုကြလေ၏။